Choose another site

Unblocked ဖြတ်လျှောက်နေသော အလင်းတန်းများ (မောင်ဘညို)




Monday, May 4, 2015

ငွေရှာတာချင်း တူပေမယ့်

ငွေဂုဏ်ရမ္မက် အသိမဲ့စွာ
စီးပွားရှာလည်း ထိုသူစီးပွား
ကျိုးမများဘူး။
ရှိတုန်းပျော်ရ တခဏသာ
လျော့ကွာတစ်နေ့  စိတ်မမြေ့နိုင်
ကြံထိုင်မရ ဒေါ မနနှင့် 
ကာယဆင်းရဲ စိတ်မည်းမည်းဆွေ
လိုလေလိုမြဲ သူဆင်းရဲ၏။

အသိမကွာ လိုရာသုံးစွဲ
ပေးဝေခွဲချ ငွေဓနကို
နှစ်ဝသူငါ ကျိုးနှစ်ဖြာတွက်
ငွေရှာလျှက်သည် ထိုသည့်သူအား
အကျိုးများ၏။
ထိုသူဓန ကုန်ရစေဦး
ရင်သက်ပြုံးသီ၊
ရှာရစေတော့ ရင်ကိုမော့လျက်
တကျော့တေးသီ ပြုံးဝေစီ
မကြည်ခဏ ဘဝလှ၏။ 

Sunday, April 26, 2015

ဘဝဆိုတာ ဖြတ်သန်းခွင့်ရှိနေတဲ့ နေရောင်ခြည်တွေနဲ့ အတူ........

 တဖြည်းဖြည်းကုန်ဆုံးသွားလာနေတဲ့ အချိန်တွေကြားမှာ
ဖြတ်သန်းခွင့်ရှိနေတဲ့ နေရောင်ခြည်လိုပဲ ဘဝဆိုတာလည်း
ရွေ့လျားကုန်ဆုံးနေတဲ့ အချိန်ကာလတိုက်စားမှုတွေနဲ့ ရုန်းကန်နေရတာပါ။
အလို အလို အလို .....
ဖြစ်ချင် ဖြစ်ချင် ဖြစ်ချင် ......ရည်ရွယ် ၊ မှျေုာ်လင့်ချက်တွေနဲ့ အလိုမကျ 
ဖြစ်ချင်တာတွေကမရောင့်ရဲ ဒီလိုနဲ့ အသက်က ခေါင်းခေါက်လာတော့တာပဲ။
တစ်ခါ တစ်ခါ ပျော်ဖူးပါတယ် အဲသလို တစ်ခါတစ်ခါလေးတွေနောက်ကို လိုက်နေတာ လက်ရှိအချိန်ထိပေါ့။
အသည့်စိတ်တွေသာ မာနေရင် သေမယ်ကိုမထင်မိဘူးနော် ၊၊ ဒါပေမယ့် ကိုယ့်အောက်ကို ငုံ့ကြည့်လိုက်တော့မှ သစ်လွင့်စ မီးကောင်ပေါက်ကလေးတွေ သြော် ငါတို့လိုပဲ ငါတို့လိုပဲ....
သေချာတယ် ဘဝဆိုတာ ဖြတ်သန်းခွင့်ရှိနေတဲ့ နေရောင်ခြည်တွေနဲ့ အတူ........

ကိုယ်ချင်းစာလို့ နာ သလား

ငါလည်းမဆင်းရဲချင်ဘူး ဆိုရင်
သူ့ကိုလည်း မဆင်းရဲစေနဲ့ပေါ့။
ငါလည်းပျော်ချင်တာပဲ ဆိုရင်
သူ့ကိုလည်း ပျော်အောင်ထားလိုက်ပေါ့။
ငါက ညာတာအမုန်းဆုံး ဆိုရင်
သူ့ကိုလည်း မုန်းချင်အောင်မလုပ်နဲ့ပေါ့။
ငါက သည်းခံတာအတိုင်းအတာနဲ့ ဆိုရင်
သူ့ကိုလည်း အတိုင်းအတာနဲ့ဆက်ဆံပေးပေါ့။
ငါ့ကို ခွင့်လွှတ်ပေးပါပြောချင်ရင်
သူ့ကိုလည်း အရင်ခွင့်လွှတ်ပေးခဲံ့ပေါ့။
ငါက အမှန်တရားကိုမြတ်နိုးတယ် ဆိုရင်
သူ့ကိုလည်း အမှန်တွေပေးပေါ့။
ငါလို့ပဲ
သူလည်း.........
ကိုယ်ချင်းစာ လို့ မနာပါဘူး
ကိုယ်ချင်းစာမှ သူ ငါ သာယာမှာပေါ့။

Monday, March 2, 2015

ရှင်သန်နေခြင်း

တစ်ချိန်ချိန် မှာတော့သေကြမည်၊ မှန်သော်လည်း သေသွားတာတူပေမယ့် ပြန်လည်ရှင်သန်လာခြင်းကတော့မတူနိုင်ပေ။
ဘဝမကုန်သေးသမျှ ပြန်လည် ရှင်သန်ခွင့်တော့ ရကြဦးမည်မှန်၏။ ဘယ်သို့ ဘယ်ပုံ ရှင်သန်မလဲဆိုတာကတော့ဖြင့် လက်ရှိ သင်လုပ်နေသော ကံသုံးပါးက သရုပ်ဖော်ပေးနေလိမ့်မည်။ 
ရှင်သန်နေချိန်လေး နေခြင်းကိုလည်း မပေါ့သင့် ၊ ကံသုံးပါးကိုလည်း လစ်လျှုမရှုသင့်၊ သေခြင်းကိုလည်း မရက်ရောသင့်၊ အချိန်တွေကိုလည်း စကားမပြောသင့်။ 

Tuesday, January 13, 2015

မနက်ဖြန် သင်ဘာဖြစ်မှာလဲ ? ဆိုတာ

မနက်ဖြန်တွေကတော့ သင့်ကို စောင့်နေလိမ့်မယ်
ဒါပေမယ့် သင်ကတော့ မနက်ဖြန်နှင့်အတူ နေနိုင်ချင်မှ နေနိုင်လိမ့်မယ် (လက်ရှိဘဝ)
နောင်ဘဝဆိုတာ သင့်အတွက် ရှိနိုင်သေးတယ်လို့ လက်ခံထားရင်ဖြင့်
မနက်ဖြန်အတွက် သင် အချိန်ခဏတော့ ပေးပြီး စဉ်းစားထားသင့်တယ်လေ။
သင်မဆုံချင်တဲ့ အကြောက်တရားများကို ဘယ်လိုရှောင်မလဲ ?
သင် လိုအပ်ထားသော အခွင့်အရေးများကို ဘယ်လိုယူမလဲ?
တစ်ဘဝစာ ကံတရားကို လက်ခံထားသူအဖို့တော့ ပစ္စုပ်ပန်အတ္တများကိုသာ လက်ကိုင်ပြုချင်နေလိမ့်မည်။
ဘယ်လိုပဲ ခံစားနေပါစေ မနက်ဖြန်များကတော့ ရှိနေမှာတော့ သေချာသည် မလွဲ။
မနက်ဖြန် သင်ဘာဖြစ်မှာလဲ ? ဆိုတာ သင့်စိတ်သံစဉ်များက အဓိကအကျဆုံး ဆုံးဖြတ်ပေးပါလိမ့်မည်။